သီရိလင်္ကာ စွယ်တော် ဘုရားဖူးခရီးစဉ်

Sri Lanka Sinhalese, officially the Democratic Socialist Republic of Sri Lanka, is an island country in South Asia near south-east India. Sri Lanka has maritime borders with India to the northwest and the Maldives to the southwest. Sri Lanka's documented history spans 3,000 years, with evidence of pre-historic human settlements dating back to at least 125,000 years.[10] Its geographic location and deep harbours made it of great strategic importance from the time of the ancient Silk Road[11] through to World War II.[12] Sri Lanka was known from the beginning of British colonial rule until 1972 as Ceylon (/sᵻˈlɒn, seɪ-, siː-/). Sri Lanka's recent history has been marred by a thirty-year civil war which decisively ended when the Sri Lankan military defeated the Liberation Tigers of Tamil Eelam (LTTE) in 2009.[13]

 

ပထမနေ့ Yangon - Bangkok - Colombo (B, - , D )

(TG 2302 RGN-BKK / 15:00 PM-16:55 PM,18th Aug) (TG 307 BKK-CMB/22:10 PM-00:01 AM,19th Aug.)

ရန်ကုန်မှ ဘန်ကောက်သို့ နေ့ခင်း လေယာဉ်ဖြင့် ဆိုက်ရောက်ကြပြီးနောက် သုဝဏဘူမိ လေဆိပ် အတွင်း ဈေးဝယ်ကြရင်း နေ့လည်စာကို မိမိအစီအစဉ်ဖြင့် စားသောက် ကြပါမည်။ ပြီးနောက် ဘန်ကောက်လေဆိပ်မှပင် သီရိလင်္ကာ၊ ကိုလံဘိုမြို့သို့ညလေယာဉ်ဖြင့် သွားကြရပါမည်။ ညစာသုံးဆောင်ပြီးနောက် ကိုလံဘိုရှိ ဟိုတယ် (သို့) ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းတွင် တည်းခိုကြပါမည်။

 

 

 

ဒုတိယနေ့ Colombo- Kurunegala - Anuradhapura / Mahintle (B, L , D )

အနုရဒပူရသည် ဘီစီ ၅ ရာစု မတိုင်မီကတည်းက ဖွံ့ဖြိုးလာသည်။ အေဒီ ၅ ရာစုတွင် သီရိလင်္ကာ၏ ပထမဦးဆုံး မင်းနေပြည်တော် စတင်ဖြစ်လာသည်။ နှစ်ပေါင်း ၁၅၀၀ သက်တမ်းရှိ မြို့ပြယာဉ်ကျေးမှုဟောင်းနှင့်အတူ အိန္ဒိယမှ မူလ မဟာဗောဓိပင်ကို ပင့်ဆောင် ပူဇော်ထားသည်။ ၎င်းမြို့ဟောင်းအရှေ့ဘက် ၈ မိုင် အကွာတွင် Mihintale မြို့ဟောင်းရှိပြီး မဟာဇေယျထူပါရုံကို သွားရောက် ဖူးမျှော်နိုင်ပါသည်။

 

 

 

 

တတိယနေ့ Anuradhapura - Pollonnaruwa (B, L , D )

နံနက်စာ သုံးဆောင်ကြပြီးနောက် ပုဂံခေတ်နှင့် ခေတ်ပြိုင် မင်းနေပြည်တော် ဖြစ်ခဲ့သော ရှေးဟောင် းမြို့တော် (AD ၁၁ မှ ၁၃ ရာစုထိ) Pollonnaruwaသို့ ဆက်လက်ထွက်ခွါပြီးနောက် ၎င်းဒေသတွင်း ရှေးလက်ရာ နန်းမြို့ရိုး နှစ်ထပ်နှင့် နန်းတော်ဟောင်းများ၊ ထိန်းသိမ်းထားရှိပုံများကို လှည့်ပတ် လေ့လာကြမည်။ မြတ်စွယ်တော်သည် ကန်ဒီသို့ မရောက်မီက ၎င်းမြို့ဟောင်း စံပယ်တော်မူခဲ့ဘူးသည်။ ပိုလိုနာရုဝတွင် ညအိပ်တည်းခိုကြပါမည်။

 

 

 

စတုတ္ထနေ့ Pollonnaruwa - Sigirlya - Dambulla (B, L , D )

နံနက်စာ သုံးဆောင်ကြပြီးနောက် Sigirlya နှင့် Dambulla မြို့သို့ ဆက်လက် ထွက်ခွါပြီး တောင်ပေါ်ခံတပ်နှင့် အရှေ့တောင်အာရှရှိ ကြီးမားသော ကျောက်ထွင်း ဂူကျောင်းများတွင် တစ်ခု အပါအဝင်ဖြစ်သည့် ကျောက်ဂူထွင်း နံရံပန်းချီများရှိရာ ဘုန်းတော်ကြီးဂူကျောင်းကို လေ့လာကြပြီးလျှင် Dambulla ရှိ ဟိုတယ်(သို့) မြန်မာဘုန်းကြီး ကျောင်းတွင် ညအိပ်တည်းခိုကြပါမည်။

 

 

 

 

ပဥ္စမနေ့ Dambulla - Kandy (B, L , D )

ယနေ့တွင် နံနက်စာ သုံးဆောင်ကြပြီးနောက် သီရိလင်္ကာ၏ အလှပဆုံးသော တောင်ပေါ်မြို့နှင့် နောက်ဆုံး သီရိ လင်္ကာ မင်းဆက်၏မြို့တော်ဟောင်းဖြစ်သော Kandy (၁၅-၁၉ ရာစု)သို့ ကားဖြင့် ခရီးဆက်ကြပါမည်။ ဗုဒ္ဓဘာသာဝင်တို့၏ အထွဋ်အမြတ် စွယ်တော်မြတ်ကိန်းဝပ်စံပယ်တော်မူရာ Dalada Maligawaကို သွားရောက် ဖူးမျှော်ကြပြီး ဟိုတယ် (သို့)ကျောင်း တစ်ညတာ နားနေ တည်းခိုကြပါမည်။

 

 

 

Contact Us

Address

RGN Office: No.199, Second Floor, Baho Rd., Ward(1), Kamayut Tsp., Yangon Myanmar.
Your message has been sent. Thank you!