ဗုဒ္ဓ္ဓဂယာ - အိန္ဒိယ - နီပေါ ၂ နိုင်ငံ ခရီးစဉ် ဗုဒ္ဓဂယာ - ရာဇဂြိုဟ် - ပတ္တနား - ဝေသာလီ - ကုသိန္နာရုံ - နီပေါ - သာဝတ္ထိ - ဗာရာဏသီ - ဂယာ ကြာချိန် - ၈ ရက် (၇ ညအိပ်)
ဗုဒ္ဓ္ဓဂယာ - အိန္ဒိယ - နီပေါ ၂ နိုင်ငံ ခရီးစဉ်
ဗုဒ္ဓဂယာ - ရာဇဂြိုဟ် - ပတ္တနား - ဝေသာလီ - ကုသိန္နာရုံ -
နီပေါ - သာဝတ္ထိ - ဗာရာဏသီ - ဂယာ
ကြာချိန် - ၈ ရက် (၇ ညအိပ်)
| |
ရန်ကုန်မှ ထွက်ခွါရန် : - Day 1 ရန်ကုန် - ဗုဒ္ဓဂယာ ခရီးစဉ်ကို လေယာဉ်ဖြင့် စတင်ထွက်ခွါပြီး ဗုဒ္ဓဂယာသို့ တည်းခိုမည့် မြန်မာဘုန်း တော်ကြီးကျောင်းတွင် နေရာချထား/ခေတ္တနားနေပြီးနောက် မဟာဗောဓိစေတီတော်၊ သတ္တဌာနများ လှည့်လည်ဖူးမျှော် ကြရမည်၊ ကြာသင်္ကန်းကပ်ကြမည်။ (အချိန်ရပါက ဒုက္ခစရိယာ ကျင့်တော်မူခဲ့ရာ တောင်သို့ တက်ရောက်ကြပါမည်။) ညနေဘက်တွင် ဂါယာဝန်းကျင်ရှိ ဂျပန်ကျောင်း၊ ထိုင်းကျောင်း၊ တရုပ်ကျောင်း စသည့် နေရာများသို့ လှည့်ပတ်လေ့လာ ကြည်ညို ကြမည်၊ ဓါတ်ပုံရိုက်ကြမည်။ တည်းခိုသည့် ကျောင်းသို့ ညနေ ၆ နာရီ ညစာအမီ ပြန်ကြရပါမည်။ ညစာသုံးဆောင်ပြီးပါက တရားထိုင် (သို့) နားနေ အိပ်စက် တည်းခိုကြပါမည်။ ညဘက်တွင် မဟာဗောဓိစေတီတော်သို့ သွားရောက် တရားထိုင်နိုင်မည် ဖြစ်ပါသည်။ |
| |
ဗုဒ္ဓဂယာ မှ ရာဇဂြိုဟ် နှင့် ပတ္တနား သို့ : - Day 2 ဂယာမှ နံနက်စာသုံးဆောင်အပြီးတွင် ၆၀ မိုင်သာဝေးသည့် ရာဇဂြိုဟ်သို့ သွားကြပါမည်။ ကျောက်လှည်းဘီးရာ၊ ဗိမ္မသာရအကျဉ်းထောင်၊ ဂိဇ္ဈကုဋ်တောင်သို့ ထိုင်ခုံစက်လှေကားများနှင့်် တက်ရောက် ကြပြီး ငြိမ်းချမ်းရေးစေတီ/ဝိသျှန်တီစေတီတော်၊ မူလဂန္ဓကုဋီတိုက်ကျောင်းတော်ရာ၊ အဇာတဿတ် ဓါတ်တော်တိုက်၊ နလ္လဒ္ဒါတက္ကသိုလ်ဟောင်း၊ ဝေဠုဝန်ဝါးတောနှင့် ရေပူရေအေး (ဇါတ်နိမ့်/ဇါတ်မြင့် ရေချိုးကြရာနေရာ) အစရှိသည့်နေရာများကို လေ့လာ ဖူးမျှော်ကြည်ညို သဒ္ဒါပွါး ခံစားကြပါမည်။ ထိုနေ့တွင်ပင် ရာဇဂြိုဟ် မှ ၆၂ မိုင်ခရီးသာရှိသည့် ပတ္တနားသို့ ညနေ ၆ နာရီအမီ သွားကာ မြန်မာ ဘုန်းတော်ကြီးကျောင်းတွင် ညစာစားပြီး အိပ်စက်နားကြရပါမည်။ |
| |
ပတ္တနား မှ ဝေသာလီ နှင့် ကုဿိနာရုံ (၁၃၆ မိုင်): - Day 3 နံနက်ပိုင်းတွင် ပတ္တနားမှ ကုဿိနာရုံသို့ ထွက်ခွါကြပါမည်။ လမ်းတွင် ဝေသာလီ ဝင်ကာ ဓါတ်တော်တိုက်၊ ဒုတိယသံဃာယနာတင်ခဲ့သည့် နေရာများလည်း လေ့လာ ဖူးမျှော်ခဲ့ကြပါဦးမည်။ လမ်းခရီးတွင် နေ့လည်စာ သုံးဆောင်ကြပါမည်။ ဘုရားရှင်တော်မြတ်ကြီး နောက်ဆုံး ရေကြည် တော် သုံးရာနေရာတွင် ကြည်ညိုဆုတောင်းပြီးနောက် ညနေဘက်တွင် ကုဿိနာရုံသို့ ရောက်ရှိ မည်ဖြစ်ပြီး မဟာပရိနိဗ္ဗာနစေတီတော်ရှိ ပရိနိဗ္ဗာနရုပ်ပွားတော်အား ဖူးမျှော်ကြ၊ ကြာသင်္ကန်းကပ် လှူ ကြပါမည်။ ကုဿိနာရုံ မြန်မာကျောင်းတွင် ညစာလည်းစား တစ်ညနားကြပါမည်။ |
| |
ကုဿိန္နာရုံ မှ နီပေါ (၈၇ မိုင်): - သာဝတ္ထိ (၁၃၉ မိုင်): - Day 4/5 ကုသိန္နာရုံမှ နံနက်စာသုံးဆောင်ကြပြီးနောက် နီပေါနိုင်ငံသို့ ဆက်လက် ထွက်ခွါကြပါမည်။ လမ်း ခရီးတွင် နေ့လည်စာကို လမ်းတွင် ရပ်နား စားသောက်ကြပါမည်။ လုမ္ဗီနီမြန်မာရွှေကျောင်းတော် (သို့မဟုတ်) ဆိုနောလီမြန်မာကျောင်းတွင် ညစာစားကာ တစ်ညအိပ် တည်းခိုရပ်နားကြပါမည်။ နံနက်စာ သုံးဆောင်ကြပြီးနောက် ဖွါးတော်မူရာလုမ္ဗီနီသာမောအင်ကြင်းတောဒေသ၊ ကပိလဝတ် နန်းတော်ရာဟောင်းအနှံ့ လှည့်လည်ဖူးမျှော်ကြည်ညိုကြပြီး နေ့လည်စာကို လမ်းတွင်စားသောက် ကြပြီးနောက် သာဝတ္ထိသို့ ခရီးဆက်ကာ သာဝတ္ထိမြန်မာကျောင်းတွင် ညအိပ်ကြပါမည်။ |
| |
သာဝတ္ထိ မှ ဗာရာဏဿီ (၂၈၁ မိုင်): - Day 6 သာဝတ္ထိတွင် နံနက်စာအပြီးတွင် ဇေတဝန်ကျောင်းတော်ရာ၊ အဂုၤလီမာလကျောင်းဟောင်း၊မြတ်စွာ ဘုရားရှင်သီတင်းသုံးတော်မူခဲ့သည့် ဂန္ဓာကုဋိတိုက်နှင့်ပလ္လင်တော်၊ အာနန္ဒာဗောဓိပင်၊ ပြာဋိဟာ ပြတော်မူရာသရက်ဖြူကုန်း၊ စိဉ္ဇမာန/ဒေဝဒတ်မြေမြိုရာအိုင်များ စသည့် အထင်ကရနေရာများသို့ လေ့လာကြပြီးနောက် ဗာရာဏဿီသို့ ခရီးဆက်ကာ ဗာရာဏသီတွင် တစ်ညနားကြရပါမည်။ |
|
ဗာရာဏဿီ မှ ဗုဒ္ဓဂယာ: - Day 7 ဗာရာဏဿီမြန်မာကျောင်းတွင် နံနက်စာသုံးဆောင်ကြပြီးနောက် ပဉ္စဝဂ္ဂီငါးဦးကို ခရီးဦးကြိုဆိုရာ ချောက်ခဏ္ဍီ စေတီတော်၊ တရားဦးဟောတော်မူရာ ဓမ္မေခစေတီတော်၊ အနတ္တလက္ခဏာသုတ် ဟော်တော်မူရာ ဓမ္မရာဇိကစေတီတော်၊ မူလပထမကုဋီတိုက်တော် တို့သို့ လှည့်လည် ဖူးမျှော်ကြ ပါမည်။ ဓမ္မစင်္ကြာနှင့် သုတ်တော်များရွတ်ဆိုကြပါမည်။ မိဂဒါဝုန်ဝင်းအတွင်း မျောက်၊ သမင်၊ ဒေါင်း၊ ကျေး၊ ငှက်အမျိုးမျိုး ဘေးမဲ့ပျော်နေသည်များ ကြုံကြိုက်သလောက် မြင်တွေ့နိုင်ပါမည်။ ဗာရာဏဿီ မှ နာမည်ကျော် ကော်ဇောဆိုင်သို့ သွားရောက်ကာ ဈေးဝယ်ကြပြီးနောက် ဗုဒ္ဓဂါယာသို့ ဆက်လက် ထွက်ခွါခဲ့ကြပြီး ဂါယာမြန်မာကျောင်းတွင် ညအိပ် နားကြရပါမည်။ |
|
| |
ဗုဒ္ဓဂယာ : - Day 8 ဗုဒ္ဓဂယာတွင် နံနက်စောစာ သုံးဆောင်ကြပြီးနောက် ဂယာလေဆိပ်သို့ ထွက်ခွါကြပါမည်။ ထိုမှ တစ်ဆင့် ရန်ကုန်မြေသို့ လေယာဉ်ဖြင့် ပြန်လည်ရောက်ရှိကြမည် ဖြစ်ပါသည်။ |
ခရီးစဉ်တစ်လျှောက်လုံးတွင် အများအားဖြင့် ဘုန်းတော်ကြီးကျောင်းများတွင် တည်းခိုနားနေကြမည် ဖြစ်ပါသဖြင့် ညစာသုံးဆောင်ပြီးတိုင်း သာသနာပြုကျောင်းထိုင်ကိုယ်တော်အားလှူဒါန်းကြည်ညိုကန်တော့ကြရမည်ဖြစ်ပါသည်။လိုက်လံပို့ဆောင်သောနိဗ္ဗာန်ကုတို့ မြန်မာနိုင်ငံသား
ရဟန်းအားလည်း ကြည်ညိုလှူဒါန်းနိုင်ပါ သည်။ မြန်မာဗုဒ္ဓဘာသာကျောင်း စေတီ၊ ဇရပ်များ ဆောက်လုပ်နေခြင်းများ ဗုဒ္ဓမြေတွင် ဓမ္မသာသနာ သင်္ခန်းစာ များ ရှာမှီးဆည်းပူးနေကြကုန်သော မြန်မာနိုင်ငံသား ရဟန်းများအားလည်း စိတ်ပါသရွေ့ လှူဒါန်းနိုင်ကြပါကြောင်း ကြိုတင် စီစဉ်နိုင်ရန် တင်ပြအပ်ပါသည်။
