ဗီယက်နမ် - ကမ္ဘောဒီးယား - ဗီယက်နမ် ၂ နိုင်ငံ(၈ရက် ၉ည) ခရီးစဉ်
ဗီယက်နမ် - ကမ္ဘောဒီးယား - ဗီယက်နမ် ၂ နိုင်ငံ ခရီးစဉ်
ကြာချိန် - ၈ ရက် (၉ ညအိပ်)၊
|
ရန်ကုန် - ဟနွိုင်းမြို့ : ပထမနေ့ (၁၇.၁၀.၂၀၁၆)- ဟနွိုင်းမြို့ ညအိပ်။ Day 1, 17.10.2016 ဟနွိုင်းမြို့ရှိ နွိုင်ဘိုင် လေဆိပ်တွင် ဒေသခံဧည့်လမ်းညွှန်မှ ကြိုဆို၍ ဟိုတယ်သို့ ပို့ဆောင်ပေးပြီး ဟနွိုင်းတွင် ညအိပ်မည်။ |
|
ဟနွိုင်းမြို့ နှင့် ဟာလောင်မြို့ : ဒုတိယနေ့ (၁၈.၁၀.၂၀၁၆)- ဟာလောင်မြို့ ညအိပ်။ Day 2, 18.10.2016 ဟိုတယ်တွင် နံနက်စောစာစားပြီးနောက် ဗီယက်နမ်မြောက်ပိုင်း မြို့တော်ဟနွိုင်းမြို့တွင်းသို့ လှည့်ပတ်ကြည့်ကြရာ ဗီယက်နမ်၏ ပထမ ဦးဆုံးတက္ကသိုလ်၊ ဘဒင်ရင်ပြင်၊ ဟိုချီမင်းဂူဗိမာန်နှင့် နေအိမ်၊ တိုင်တစ်လုံးဘုရားကျောင်း၊“ထရန်ကို”ဘုရားကျောင်းစသည့် ဗုဒ္ဓဘာသာ ထွန်းကားရာအရပ်သို့ လှည့်ပတ်မည်။ နေ့လည်စာကို “စံ”စားသောက်ဆိုင်တွင် ကြိုက်ရာရွေးဘူဖေးသုံးဆောင်မည်။ ပြီးနောက်(၁၉၉၄) ခုနှစ်တွင် “ယူနက်စကို”မှ ကမ္ဘာသဘာဝအမွေအနှစ်ဆုရရှိထားသော ဟာလောင်မြို့သို့ ဆက်လက်လည်ပတ်ရာ မြောက်ပိုင်းဗီယက်နမ် ၏ ကျေးရွာများတွင် မြင်ရလေ့ရှိသော လယ်ကွင်းများကို ရှုမျှော်မဆုံးတွေ့ရမည်။ ညစာအပြီး ဟာလောင်မြို့တွင် ညအိပ်မည်။ |
|
ဟာလောင်မြို့ မှ ဆိုင်ဂုံ(ဟိုချီမင်း)မြို့ : တတိယနေ့ (၁၉.၁၀.၂၀၁၆)- ဟိုချီမင်းမြို့ ညအိပ်။ Day 3, 19.10.2016 တတိယနေ့တွင် ဟိုတယ်မှနံနက်စာစားပြီး ဟာလောင်းသင်္ဘောဆိပ်သို့ရောက်ရှိမည်။ (၄)နာရီကြာမျှ အပျော်စီးသင်္ဘောကြီးကိုစီးကာ ဟာလောင်ဒေသ၏ ထုံးကျောက်ကျွန်းငယ်များနှင့် မြေအနိမ့်/အမြင့်သွင်ပြင်များကိုခံစားပြီးဓါတ်ပုံရိုက်ကြမည်။ သင်္ဘောကြီးက ခွေးရုပ် ကျောက်အငူစွန်းနှင့် အမွေးတိုင်ကျွန်းငယ်လေးကိုဖြတ်ကျော်စဉ် သင်္ဘောပေါ်တွင်နေ့လည်စာစားကြမည်။ နိဗ္ဗာန်ဘုံကျောက်ဂူကိုလည်း ဝင်ရောက် လည်ပတ်မည်။ သင်္ဘောကြီးသည် ဟာလောင်ပင်လယ်အော်၏ သင်္ကေတရုပ်ပုံဖြစ်သော တိုက်ကြက်ဖ ကျောက်ဆောင်သို့ ဆက်လက်ရောက်ရှိမည်။ ထိုမှ နောက်ပြန်လှည့်လာကာ သင်္ဘောဆိပ်သို့ ပြန်ရောက်မည်။ ထို့နောက် ဟနွိုင်းမြို့လေဆိပ်သို့ တိုက်ရိုက် ဝင်ရောက်၍ ညနေလေယာဉ်ဖြင့် ဟိုချီမင်းမြို့သို့ ခရီးဆက်ကြမည်။ ဆိုင်ဂုံ(ဟိုချီမင်း)မြို့သို့ဆိုက်လျှင် ဒေသခံဧည့်လမ်းညွှန်မှ ကြိုဆိုပြီး ဟိုတယ်သို့ ဆက်လက်ထွက်ခွာမည်။ ညစာစားပြီး ဟိုချီမင်းမြို့ရှိ ဟိုတယ်တွင် တည်းခိုမည်။ |
|
ဟိုချီမင်းမြို့ မှ အင်ကာဝပ်(ကမ္ဘောဒီးယား) : စတုတ္ထနေ့ (၂၀.၁၀.၂၀၁၆)- အင်ကာဝပ် ညအိပ်။ Day 4, 20.10.2016
မနက်ပိုင်းတွင် မနက်စောစာဗူးကို ယူဆောင်၍ ကမ္ဘောဒီးယားနိုင်ငံရှိ အင်ကာဝပ်သို့သွားမည့် ဘတ်စ်ကားဂိတ်သို့ လိုက်ပို့မည်။ နေ့လည်စာကို လမ်းတွင် မိမိစရိတ်ဖြင့်မိမိစားသောက်ကြပါမည်။ ညနေဘက်တွင် အင်ကာဝပ်ရှိရာမြို့သို့ ရောက်ရှိသောအခါ ဒေသခံ ဧည့်လမ်းညွှန်မှ လာရောက်ကြိုဆိုပြီး အင်ကာဝပ်အရပ်ရှိ ဟိုတယ်တွင် နားနေ အိပ်စက်မည်။ |
အင်ကာဝပ် (ကမ္ဘောဒီးယား) : ပဉ္စမနေ့ (၂၁.၁၀.၂၀၁၆) - အင်ကာဝပ် ညအိပ်။ Day 5, 21.10.2016 ဟိုတယ်တွင် နံနက်စာစားပြီးနောက် ဘုရင်ဇယျဝါမာန်(၇)က (၁၂) ရာစု နောက်ပိုင်းတွင် တည်ဆောက်ခဲ့သော “ခရုံအင်ကာထောမ်” ဟု ဘွဲ့အမည်ပေးခဲ့သည့် အင်ကာရွှေမြို့တော်ကို လည်ပတ်မည်။ ခမာဘုရင်တည်ဆောက်ခဲ့သော ထိုမြို့တွင် လှည့်ပတ်ကြည့်ရှုရာ “အင်ကာထောမ်”၏ တောင်ဘက်ဝင်ပေါက်၊ ဘေယုံ ဘုရားကျောင်းအစု၊ ဆင်ပုံ ကျောက်ခုံမြင့်များ အနူဘုရင် တည်ဆောက်ခဲ့သော ကျောက်ခုံမြင့်များနှင့် ရှေးယခင်က မင်း နေထိုင်ရာ နန်းတော်ဟောင်းလည်း ပါဝင်သည်။ ဆက်လက်ပြီး “တဖရောမ်” ဘုရားကျောင်း သို့ လေ့လာရာ ၎င်းသည် အင်ကာအရပ်ရှိ ရှေးဟောင်းဘုရား ကျောင်းများကို ပြန်လည်ဖော်ထုတ် တွေ့ရှိကာစအချိန်က အခြေအနေ အတိုင်း မလွဲတူအောင် နမူနာအဖြစ် ထိန်းသိမ်းထားသော တစ်ခုတည်းသောဘုရားကျောင်း ဖြစ်သည်။ နေ့လည်စာသုံးဆောင်ကြ ပြီးနောက် ကမ္ဘာယဉ်ကျေးမှုအမွေအနှစ်၏ အဓိကပြရုပ်ဖြစ်ပြီး အံ့ဖွယ်ခုနှစ်သွယ်တို့၏ အစု ဖြစ်သော အင်ကာဝပ်ဘုရားကျောင်းကို ဆက်လက်လည်ပတ်မည်။ သူရိယဝါမာန်(၂) ဘုရင်သည် (၁၂) ရာစု အလယ်ပိုင်းတွင် အင်ကာဝပ်ကို တည်ဆောက်ခဲ့ပြီး နှစ်သုံးဆယ် ခန့် အထိ ကြာသည်။ ထိုဘုရားကျောင်း၏ ကျောက်သားနံရံများပေါ်တွင် (၂၀၀၀)ခန့်ရှိသော နတ်ဒေဝတာများကို ဆန်းပြား ကွာခြားအောင် ထွင်းထုထားသည်။ ညစာစားပြီးနောက် ဟိုတယ်ကိုပြန်၍ အနားယူ အိပ်စက်ကြပါမည်။ |
|
အင်ကာဝပ် မှ ဟိုချီမင်းမြို့ : ဆဌ္စမနေ့ (၂၂.၁၀.၂၀၁၆) - ဟိုချီမင်းမြို့ ညအိပ်။ Day 6, 22.10.2016 မနက်ပိုင်းတွင် မနက်စောစာဗူးကို ယူဆောင်၍ ဆိုင်ဂုံမြို့သို့ သွားမည့် ဘတ်စ်ကားဂိတ်သို့ လိုက်ပို့မည်။ ဆိုင်ဂုံမြို့သို့ ပြန်လည် ရောက်ရှိသောအခါ ဒေသခံဧည့်လမ်းညွှန်မှ လာရောက်ကြိုဆိုပြီး ဟိုတယ်တွင် နားနေအိပ်စက်မည်။ |
|
ဟိုချီမင်းမြို့ နှင့် မူနဲမြို့ : သတ္တမမြောက်နေ့ (၂၃.၁၀.၂၀၁၆) - မူနဲမြို့ ညအိပ်။ Day 7, 23.10.2016 နံနက်စာအပြီးတွင် “ဖံသီ” မြို့သို့ ခရီးဆက်ကြရာလမ်းတွင် နေ့လည်စာ သုံးဆောင်ပါမည်။ ထိုမြို့တွင် ရှေးဟောင်း စံပါ ယဉ်ကျေးမှု၏ အမွေအနှစ်ဖြစ်သည့် “ပိုရှနုဆမ်” မျှော်စင်ကို လည်ပတ်မည်။ နတ်သမီးစမ်းချောင်း “သို့မဟုတ်” ပန်းရောင်စမ်းချောင်းကို တဖက် တချက်တွင် အဖြူရောင်နှင့် အနီရောင် အရစ်ထနေသောသဲခုံများ ခွေရစ်နေခြင်းကို မြင်တွေ့နိုင်ပြီး အခြားတစ်ဖက်တွင်မူ အုန်းပင်တန်း များကို အိပ်မက်ဘုံသဖွယ် ရှုစားနိုင်သည်။ သဲကန္တာရအလယ် အနီရောင် သဲသောင်ခုံများကို တွေ့နိုင်ပြီး မိမိစရိတ်ဖြင့်မိမိ သဲခုံပေါ်မှ လျှောစီးပွဲများကို ဆင်နွဲနိုင်သည်။ သဲသောင်ပြင်ပေါ်တွင်အပန်းဖြေပြီး ထိုမူနဲမြို့တွင် ညစာစားကာ ဟိုတယ်သို့ ညအိပ်တည်းခိုမည်။ |
|
မူနဲမြို့ နှင့် ဟိုချီမင်းမြို့ : အဌမနေ့ (၂၄.၁၀.၂၀၁၆) - ဟိုချီမင်းမြို့ ညအိပ်။ Day 8, 24.10.2016 နံနက်အစောစာ စားပြီးနောက် ဆိုင်ဂုံ (ဟိုချီမင်း)မြို့သို့ ပြန်လည်ထွက်ခွာရာ နေ့လည်စာကို လမ်းတွင်သုံးဆောင်၍ နော်တာဒိမ်း ဘုရားကျောင်း ရှေးဟောင်းစာတိုက်ကြီး၊ ပြည်သူ့ရေးရာ ကော်မတီခန်းမ (ပြင်သစ်ဗိသုကာလက်ရာများဖြင့် ထင်ရှားသည်) တို့ကို လည်ပတ်မည်။ ဘန်သန်ဈေးကြီးတွင် ဈေးဝယ်ပြီးနောက် ညစာကို “ဆိုင်ဂုံမြစ်သင်္ဘော”ပေါ်တွင် ဖျော်ဖြေပွဲများကို ကြည့်ရှုရင်း မြစ်တစ်လျှောက် ရှု့မျှော်ခံစားမည်။ ဟိုချီမင်းမြို့ရှိ ဟိုတယ်တွင် နားနေ အိပ်စက်ပါမည်။ |
|
ဟိုချီမင်းမြို့ မှ ရန်ကုန် : နဝမမြောက်နေ့ (၂၅.၁၀.၂၀၁၆) - Day 9, 25.10.2016 မနက်စာစားပြီးနောက် ရန်ကုန်မြို့သို့ ပြန်ကြရန် လေဆိပ်သို့ ထွက်ခွာပါမည်။ |
