ဗီယက်နမ်နိုင်ငံ ၁၀/၁၁ ရက် ခရီးစဉ်
| |
ရန်ကုန် - ဟနွိုင်းမြို့ : ပထမနေ့ ဟနွိုင်းမြို့ ညအိပ်။ Day 1, 2017 ဟနွိုင်းမြို့ရှိ နွိုင်ဘိုင် လေဆိပ်တွင် ဒေသခံဧည့်လမ်းညွှန်မှ ကြိုဆို၍ ဟိုတယ်သို့ ပို့ဆောင်ပေးပြီး ဟနွိုင်းတွင် ညအိပ်မည်။ |
| ဟနွိုင်းမြို့ နှင့် ဟာလောင်မြို့ : ဒုတိယနေ့ ဟာလောင်မြို့ ညအိပ်။ Day 2, 2017 ဟိုတယ်တွင် နံနက်စောစာစားပြီးနောက် ဗီယက်နမ်မြောက်ပိုင်း မြို့တော်ဟနွိုင်းမြို့တွင်းသို့ လှည့်ပတ်ကြည့်ကြရာ ဗီယက်နမ်၏ ပထမ ဦးဆုံးတက္ကသိုလ်၊ “ထရန်ကို”ဘုရားကျောင်းစသည့် ဗုဒ္ဓဘာသာ ထွန်းကား ရာ အရပ်သို့လှည့်ပတ်မည်။ နေ့လည်စာကို “စံ”စားသောက်ဆိုင်တွင် ကြိုက်ရာရွေး ဘူဖေးသုံးဆောင်မည်။ ပြီးနောက်(၁၉၉၄) ခုနှစ်တွင် “ယူနက်စကို”မှ ကမ္ဘာ့သဘာ၀ အမွေအနှစ်ဆုရရှိထားသော ဟာလောင်မြို့သို့ ဆက်လက်လည်ပတ်ရာ မြောက်ပိုင်း ဗီယက်နမ်၏ ကျေးရွာများတွင် မြင်ရလေ့ရှိသော လယ်ကွင်းများကို ရှုမျှော်မဆုံး တွေ့ရမည်။ ညစာအပြီး ဟာလောင်မြို့တွင် ညအိပ်မည်။ |
|
| ဟာလောင်မြို့ မှ ဟနွိုင်းမြို့ : တတိယနေ့ ဟနွိုင်းမြို့ ညအိပ်။ Day 3, 2017 တတိယနေ့တွင် ဟိုတယ်မှနံနက်စာစားပြီး ဟာလောင်းသင်္ဘောဆိပ်သို့ရောက်ရှိမည်။ (၄)နာရီကြာမျှ အပျော်စီးသင်္ဘောကြီးကိုစီးကာ ဟာလောင်ပင်လယ်အော်ဒေသ၏ ထုံးကျောက်ကျွန်းငယ်များနှင့် မြေအနိမ့်/အမြင့် သွင်ပြင် များကိုခံစားပြီးဓါတ်ပုံရိုက်ကြမည်။ ခွေးရုပ် ကျောက်အငူစွန်းနှင့် အမွေးတိုင် ကျွန်းငယ်လေး ကိုဖြတ်ကျော်စဉ် သင်္ဘောပေါ်တွင်နေ့လည်စာစားကြမည်။ နိဗ္ဗာန်ဘုံ ကျောက်ဂူကိုလည်း ဝင်ရောက် လည်ပတ်မည်။ သင်္ဘောကြီးသည် ဟာလောင်ပင်လယ်အော် ၏ သင်္ကေတ ရုပ်ပုံ ဖြစ်သော တိုက်ကြက်ဖကျောက်ဆောင်သို့ ဆက်လက်ရောက်ရှိမည်။ ထိုမှ နောက်ပြန်လှည့် လာကာ သင်္ဘောဆိပ်သို့ ပြန်ရောက်မည်။ ထို့နောက်ဟနွိုင်းမြို့သို့ ပြန်လည် ထွက်ခွါလာပြီး ဝှမ်ကင်မ်ရေကန်ကို အမှတ်တရ ဓါတ်ပုံရိုက်ကြပြီး ဟနွိုင်း မြို့ဟောင်းတွင် ဈေးဝယ်မည်။ ထို့နောက် ဟနွိုင်းမြို့ထဲမှ ရေရုပ်သေးပွဲကို ခံစားကာ ညစာသုံးဆောင်ကြပြီး ဟိုတယ်တွင် ညအိပ်မည်။ |
|
| ဟနွိုင်း မှ ဒါနန်း စတုတ္ထနေ့ ဒါနန်းမြို့ ညအိပ်။ Day 4, 2017 မနက်ပိုင်းတွင် ဘဒင်ရင်ပြင်၊ ဟိုချီမင်းဂူဗိမာန်နှင့် နေအိမ်၊ တိုင်တစ်လုံးဘုရားကျောင်း၊ စစ်သမိုင်းပြတိုက်နှင့် မနုဿဗေဒပြတိုက် (မျိုးနွယ်စု ၅၄ စု)တို့ကို လှည့်ပတ်ကြည့်ရှုပြီး နေ့လည်စာ သုံးဆောင်မည်။ ထို့နောက် လေဆိပ်သို့ဆင်းကာ ဒါနန်းမြို့သို့ ထွက်ခွါကာ ဒါနန်းတွင်တည်းခိုမည်။ ဒါနန်းတွင် ဟန်မြစ်ကို ဖြတ်ကျော်ထားသော လှပသည့်တံတားများ အနက် နဂါးတံတားတွင် ဓါတ်ပုံ ရိုက် ကြမည်။ |
|
| ဒါနန်း မှ ဘနတောင်ကုန်း မှ ဟွိုင်အန်း ပဉ္စမနေ့ ဟွိုင်အန်းမြို့ ညအိပ်။ Day 5, 2017 မနက်ပိုင်းတွင် ဘနတောင်ကုန်းသို့ထွက်ခွါ၍ တောင်ခြေမှ ကေဘယ်လ်ကားဖြင့် တောင်စွယ် တောင်တန်းနှင့် ရေတံခွန်များကို ကျော်ဖြတ်၍ တောင်ထိပ်သို့ တက်ကြပြီး တောင်ပေါ်တွင် ရှိသော ခေတ်မီကစားကွင်း နှင့် စကျင်ကျောက် ဗုဒ္ဓရုပ်ပွါးတော်ကြီးကို လည်ပတ်ဖူးမျှော်ကြ ပါမည်။ နေ့လည်စာကို ကစားကွင်းတွင်သုံးဆောင်ကာ ဟွိုင်အန်းမြို့သို့ ထွက်ခွါ၍ ပြင်သစ်တို့ တည်ထားခဲ့သော စမ္ပါရှေးဟောင်းယဉ်ကျေးမှုပြတိုက်ကို လည်ပတ်မည်။ ဟိုတယ်တွင်တည်း ခိုနားနေပြီး မိမိအစီအစဉ်ဖြင့် ညဖက်တွင် UNESCOမှ ထိမ်းသိမ်းထားသော ဟွိုင်အန်း ရှေး ဟောင်းယဉ်ကျေးမှု မြို့တော်လေး၏ မီးပုံးများဖြင့် လှပနေသောညရှုခင်းကို ခံစားမည်။ |
|
| ဟွိုင်အန်း မှ မီစွန် မှ ဟွိုင်အန်း ဆဋ္ဌမနေ့ ဟွိုင်အန်းမြို့ ညအိပ်။ Day 6, 2017 မနက်ပိုင်းတွင်ဟွိုင်အန်းမြို့ဟောင်းသို့လည်ပတ်ခါ သမိုင်းဦးကာလမှ ရေကြောင်းကုန်သွယ်သူများ၏ နေထိုင်ရာဈေးဆိုင်နှင့်တွဲလျှက် အိမ်များသို့ လည်ပတ်၍ နှစ် ၄၀၀ ကျော်ခန့် သက်တမ်းရှိသော ဂျပန်တံတား၊ တရုတ်ကုန်သည်များ၏ ရှေးဟောင်း အစည်းအဝေး ခန်းမ စသည် တို့ကိုလည်ပတ်ကာ ယနေ့အထိဆက်လက်ခိုင်မာနေသည့် ဟွိုင်အန်း၏ ငွေထည် ကျောက်ထည် ပန်းပု လက်ယက် အဝတ်အထည် စသည့်လုပ်ငန်းများကို လေ့လာရင်း လှည့်လည်ဈေးဝယ်ကြ မည်။ နေ့လည်စာစားပြီးနောက် စမ္ပါယဉ်ကျေးမှု ဂူပုထိုး များ ကျန်ရှိနေသေးရာ UNESCO၏ ကမ ္ဘာ့ ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင် မီစွန်မြို့သို့ ဆက်လက်ထွက်ခွါမည်။ မီစွန် အမွေ အနှစ်များသည် ယနေ့အခါ တောင်တန်း ၂ သွယ် အကြား ၂ ကီလိုမီတာကျယ်ပြန့်သော တောင်ကြားတွင် တည်ရှိ၍ ဟွိုင်အန်းမှ ကီလိုမီတာ ၅၀ ဝေးကွာသည်။ ဤအရပ်သည် စမ္ပါ မင်းဆက်၏ တော်ဝင်သူများနှင့် သူရဲကောင်းများ ဝတ်ပြု ကိုးကွယ်ရာ နှင့် မြှုပ်နှံသင်းဂြိုဟ်ရာ မြင့်မြတ်သော အရပ်ဖြစ်သည်။ အရှေ့တောင် အာရှ ရှိ နိုင်ငံတကာ ပင်လယ်ရေကြောင်း လမ်း ဖြင့် အစောဆုံး ဟိန္ဒူ ယဉ်ကျေးမှု ခြေကုတ် ယူခဲ့ရာ အရပ်ဖြစ်ကာ ဟိနယာနဗုဒ္ဓဝါဒနှင့် (၈) ရာစု နောက်ပိုင်း မဟာယာနဗုဒ္ဓဝါဒနှင့် လွှမ်း မိုးမှုနှင့် အဆုံးသတ်ခဲ့သော အရပ်ဖြစ်သည်။ မီစွန်သို့ရောက်လျှင် ထိုယဉ်ကျေးမှု အမွေအနှစ် များကို ၂ နာရီမျှ လှည့်ပတ်ကြည့်ရှု၍ ပျောက်ကွယ်လုနီးပါး ဖြစ်နေသော စမ္ပါမြို့ပြယဉ်ကျေးမှုကို ပြန်လည်မှန်းဆ ကြည့်နိုင်သည်။ ထို့နောက် ဟွိုင်အန်းသို့ ပြန်ပြီး ညစာ စားကြပါမည်။ |
|
| ဟွိုင်အန်း မှ ဒါနန်း မှ ဟိုချီမင်းမြို့ သတ္တမမြောက်နေ့ ဟိုချီမင်းမြို့ညအိပ်။ Day 7, 2017 မနက်စောစောတွင် ဟွိုင်းအန်းမှ ဒါနန်းလေဆိပ်သို့ ကားဖြင့်ထွက်ခွါ၍ ဟိုချီမင်းမြို့သို့ ပျံသန်းမည်။ ဟိုချီမင်းစီးတီးသို့အရောက် နေ့လည်စာ စားသောက်ပြီးကာ ဟိုချီမင်းမြို့အတွင်းရှိ အထင်ကရနေရာ များ ဖြစ်သော ပြင်သစ်ဗိသုကာလက်ရာ နော်တာဒိန်းဘုရားကျောင်း၊ မြို့တော်ခန်းမ၊ ဗဟိုစာတိုက်ကြီး၊ ဟိုချီမင်းရင်ပြင်နှင့် လွတ်လပ်ရေးနန်းတော် တို့သို့ လည်ပတ်ကြည့်ရှုမည်။ အချိန်ရလျှင် ဆိုင်ဂုံစင်တာ နှင့် ဘန်သန်ဈေးကြီးသို့ ဈေးဝယ်ထွက်ကြမည်။ ညစာစားပြီး ညဈေးလျှောက်ကြကာ ဟိုတယ်တွင် နားကြပါမည်။ |
|
| ဟိုချီမင်းမြို့ နှင့် မူနဲမြို့ အဌမမြောက်နေ့ မူနဲမြို့ ညအိပ်။ Day 8, 2017 နံနက်စာအပြီးတွင် “ဖံသီ” မြို့သို့ ခရီးဆက်ကြရာလမ်းတွင် နေ့လည်စာသုံးဆောင်ပါမည်။ ထိုမြို့တွင် ရှေး ဟောင်း စမ္ပါ ယဉ်ကျေးမှု၏ အမွေအနှစ်ဖြစ်သည့် “ပိုရှနုဆမ်” မျှော်စင်ကို လည်ပတ်မည်။ နတ်သမီး စမ်းချောင်း “သို့မဟုတ်” ပန်းရောင်စမ်းချောင်းကို တဖက် တချက်တွင် အဖြူရောင်နှင့် အနီရောင် အရစ် ထနေသောသဲခုံများခွေရစ်နေခြင်းကို မြင်တွေ့နိုင်ပြီး အခြားတစ်ဖက်တွင်မူ အုန်းပင်တန်းများကို အိပ်မက် ဘုံသဖွယ် ရှုစားနိုင်သည်။ သဲကန္တာရအလယ် အနီရောင် သဲသောင်ခုံများကို တွေ့နိုင်ပြီး မိမိစရိတ်ဖြင့်မိမိ သဲခုံပေါ်မှလျှောစီးပွဲများကို ဆင်နွဲနိုင်သည်။ သဲသောင်ပြင်ပေါ်တွင်အပန်းဖြေပြီး ထိုမူနဲမြို့တွင် ကမ်းခြေ ရှုခင်းများခံစားကာ ညစာစားပြီး ဟိုတယ်သို့ ညအိပ်တည်းခိုမည်။ |
|
| မူနဲမြို့ နှင့် ဒါလတ်မြို့ : နဝမနေ့ ဒါလတ်မြို့ ညအိပ်။ Day 9, 2017 ပင်လယ်ကမ်းခြေ မူနဲမြို့မှ တဆင့် ရာသီဥတုပိုမိုအေးရာ တောင်ပေါ်မြို့ဖြစ်သော ဒါလတ်မြို့သို့ ကားဖြင့် ထွက်လာရာ ဗီယက်နာမ် တောင်ဘက်ပိုင်းရှိ အလယ်ပိုင်း ကုန်းပြင်မြင့်ပေါ်တွင် တည်ရှိသော တောင်စခန်းမြို့လေးဖြစ်သည့် ဒါလတ်သည် ဇွမ်ဟောင် ရေကန် ဘေးတွင် ရှိနေပြီး ရေကန်ဘေးနုတ်ခမ်းတွင် ထင်းရူးပင်တန်းများဖြင့် အလှရှုခင်းကို ခံစားနိုင်ပြီး ပြင်သစ်ကိုလိုနီခေတ် ဗိသုကာ လက်ရာ ဂေဟာများကို တွေ့ရှိခံစားနိုင်သည်။ ပန်းများ ရောင်စုံဖူးပွင့်၍ သီးနှံမျိုးစုံဖြစ်ထွန်းရာ ဒါလတ်တောင်စခန်းမြို့တွင် ညအိပ်ပါမည်။ |
|
| ဒါလတ်မြို့ မှ ဟနွိုင်း သို့မဟုတ် ဟိုချီမင်းမြို့: ဒဿမမြောက်နေ့ Day 10, 2017 မနက်စာစားပြီးနောက် ဒါလတ်၏ မနက်ခင်းအလှ လည်ပတ်ကြပြီးနောက်တွင် နေ့လည်စာပြီးချိန်တွင် ရန်ကုန်မြို့ အပြန်လေယာဉ် လက်မှတ်ပါမြို့သို့ (ဟနွိုင်း/ဟိုချီမင်း) ပြန်လည် ထွက်ခွါကြပါမည်။ ရန် လေဆိပ်သို့ ထွက်ခွာပါမည်။ |
|
| ဟနွိုင်း သို့မဟုတ် ဟိုချီမင်းမြို့ မှ ရန်ကုန် : ဧကာဒဿမမြောက်နေ့ Day 11, 2017 မနက်စာစားပြီးနောက် နားနေ ဈေးဝယ် ထုတ်ပိုး ပြင်ဆင်ခြင်းများ အချိန်ရသရွေ့ ပြုလုပ်ကြပြီးနောက် နေ့လည်စာပြီးချိန်တွင် ရန်ကုန်မြို့သို့ လေယာဉ်ဖြင့် ပြန်လည် ထွက်ခွါကြပါမည်။ |
Contact Us
Address
RGN Office: No.199, Second Floor, Baho Rd., Ward(1), Kamayut Tsp., Yangon Myanmar.Phone Number
Your message has been sent. Thank you!
